Wednesday 3 November 2010

ဖတ်မိသမျှ


အမျိုးသမီးကြီး တဦးဟာ တနေ့မှာ ဆေးခန်းတခုကိုသွားပြီး ဆရာဝန်နဲ့ တွေ့ချင်တဲ့အကြောင်း ဆေးခန်း ကောင် တာမှာထိုင်နေသူကို ပြောပါတယ်။

ဘာကိစ္စကြောင့်တွေ့ချင်သလဲလို့ ကောင်တာထိုင် စာရေးမလေးက ပြန်မေးတော့ သန္ဓေတားဆေး တချို့လိုချင် လို့ ဆရာဝန်နဲ့ ဆွေးနွေးပါရစေလို့ အမျိုးသမီးကြီးက ပြန်ပြောပါတယ်။

မိနစ်အနည်းငယ်ကြာတော့ အမျိုးသမီးကြီးလည်း ဆရာဝန်နဲ့ တွေ့ခွင့်ရသွားခဲ့တယ်။

ဆရာဝန်။ ။ အဒေါ်က အသက် ၈၀ ကျော်နေပြီပဲခင်ဗျာ၊ ဘာဖြစ်လို့ သန္ဓေတားဆေး လိုအပ်သေးတာလဲ။

အမျိုးသမီး။ ။ အဲဒီဆေးရမှ ကျမ ကောင်းကောင်း အိပ်ပျော်မှာမို့ပါ။

ဆရာဝန်က အနည်းငယ်မျှစဉ်းစားပြီး ................

ဆရာဝန်။ ။ သန္ဓေတားဆေးသောက်မှ အိပ်ပျော်တယ်လို့ ကျနော် မသင်ခဲ့မိဖူးပါလား။

အမျိုးသမီး။ ။ ဆေးတွေကို ကျမရဲ့ မြေးမလေး သောက်မယ့် လိမ္မော်ရည်ထဲမှာ ထည့်လိုက်ခြင်းအားဖြင့် ည ဘက် တွေမှာ ကျမ ကောင်းကောင်း အိပ်ပျော်နိုင်ပါတယ်။

-----------------

လူငယ်တဦးဟာ ဆေးဆိုင်ကိုသွားပြီးတော့ အကာအကွယ်ပစ္စည်းတချို့ ဝယ်ပါသတဲ့။ ဆိုင်ရှင်ကလည်း ၃ ခုပါတဲ့ အထုပ်၊ ၉ ခုပါတဲ့အထုပ် နဲ့ ၁၂ ခုပါတဲ့ အထုပ်တွေ ရှိပါတယ်ဆိုတာကို ပြန်ပြီး ရှင်းပြပါတယ်။

“ဒီညမှာ ကျနော်ရယ် ကျနော့်ကောင်မလေးနဲ့ သူ့ မိသားစုတွေ ညစာ အတူစားဖို့ရှိပါတယ်။ ပြီးတာနဲ့ ကျနော်နဲ့ ကျနော့်ကောင်မလေး အပြင်ထွက်ကြမယ်။ ကျနော့်အကြောင်းကို သူမ သိပြီးတဲ့ အချိန်မှာတော့ ကျနော့်ကို သူမနဲ့အတူ တညလုံးရှိစေချင်မှာ သေချာပါတယ်။ အဲဒါကြောင့်မို့ ကျနော့်ကို ၁၂ ခုပါတဲ့ အထုပ် တထုပ်ပေးပါ”လို့ ပြောဆိုပြီး ကောင်လေးက ဝယ်လိုက်ပါတယ်။

ညနေပိုင်းအချိန်မှာတော့ ကောင်မလေးအိမ်မှာ ညစာစားဖို့ ကောင်လေး ရောက်သွားခဲ့ပါတယ်။

ညစာထမင်းဝိုင်းမှာ ကောင်လေးကနေပြီးတော့ အစာမစားခင် ဆုတောင်းကြမယ်လို့ အဆိုပြုပါတယ်။ သူ့ ကောင်မလေး အပါအဝင် သူမရဲ့ မိသားစုအားလုံးက ကောင်လေးရဲ့ အဆိုကို လက်ခံကြပါတယ်။

ပုံမှန်အတိုင်း ဆုတောင်းတာထက် မိနစ် အနည်းငယ်ပိုကြာသွားတဲ့ ကောင်းလေးကိုကြည့်ပြီး ကောင်မလေးက
“ရှင်ဟာ အင်မတန်မှ ဘာသာကိုင်းရှိုင်းတဲ့သူဆိုတာ ကျမကို မပြောမိခဲ့ပါလား”

အဲဒီချိန်မှာ ကောင်လေးက ကောင်မလေးနားကပ်ပြီး တီးတိုးလေသံနဲ့
“မင်း အဖေက ဆေးရောင်းတဲ့သူ ဆိုတာလည်း မင်း ငါ့ကို မပြောမိခဲ့ပါလား” ဟူသတတ်။


အင်တာနက်ပေါ်မှာ ဖတ်မိသမျှ ဟာသလေးတွေကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်


Thursday 28 October 2010

Online ပေါ်မှ ဓာတ်ပုံရှား တချို့ (၂)


Madonna


၁၉၇၀ က မက်ဒေါနား နဲ့ သူမရဲ့ မိသားစု

ဒက်ထရွိုက်ပြည်နယ်တွင် ၁၉၇၆ ခုနှစ်က

Marilyn Monroe


မိခင်နှင့်အတူ မာရီလင်မွန်ရိုး ငယ်စဉ်က


မာရီလင်မွန်ရိုး (၁၉၄၆)








၁၉၅၆ ခုနှစ် ဒုတိယ အဲလိဇဘက် ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့စဉ်က


JFK နဲ့ မွန်ရိုး လို့တော့ ပြောတာပဲ



Elvis Presley


ပရက်စလေနှင့် ဖခင်ဖြစ်သူ




ပရက်စလေနဲ့ ဆိုဖီယာ လော်ရင်း


Johnny Depp


ဂျက်စပဲရိုး တဖြစ်လဲ ဂျွန်နီဒက်ပ်


ဂျွန်နီဒက်ပ်နှင့် သူ၏ တူမဖြစ်သူ




ဂျွန်နီဒက်ပ် နှင့် ကိတ်သ်မော့စ်

Marlon Brando


God Father ကြီး မာလွန်ဘရန်ဒို



Che Guevara


ကျူးဘား တော်လှန်ရေးသမား ချေ



Bruce Lee



Sean Connery


ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် လူသိများတဲ့ ရှောင်ကွန်နရီ


John Travolta




Charlie Chaplin

ဟာသ သရုပ်ဆောင် ချာလီ ချက်ပလင်




Ernest Hemingway

စာရေးဆရာကြီး ဟဲမင်းဝေး

George Clooney



Michael Jackson

မိုက်ကယ် ဂျက်ဆင် (၁၉၇၂)

Pablo Picasso


ပန်းချီဆရာ ပီကာဆို

Wednesday 20 October 2010

Online ပေါ်မှ ဓာတ်ပုံရှား တချို့ (၁)

အွန်လိုင်းပေါ်မှာ လျှောက်သွားရင်းနဲ့ တွေ့လာတဲ့ ရှားပါးပုံတွေပါ။ ကျော်ကြားတဲ့သူတွေရဲ့ပုံတွေ အတော်များများ ရှိပါတယ်။ လောလောဆယ်တော့ အချိန်မရလို့ The Beatels အဖွဲ့နဲ့ Angelina Jolie တို့ရဲ့ ပုံတချို့ပဲ တင်ပေး လိုက်ပါတယ်။ အချိန်ရရင် ရသလို ဆက်လက်ဖော်ပြသွားပါ့မယ်။


The Beatles (1960- 1970)

The Beatles ရော့ခ်ဂီတ အဖွဲ့ကို ၁၉၆၀ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရစ်သမ် တီးခတ်သူ ဂျွန်လင်နွန်၊ ပေါလ်မက်ခ်ကာ့တ်နေ (ဘေ့စ် ဂစ်တာ)၊ ဂျော့ခ်ျဟယ်ရစ်ဆင် (လိဒ် ဂစ်တာ) နဲ့ ဒရမ်တီးခတ်သူ ရင်ဂိုစတား တို့ဟာ The Beatles အဖွဲ့ရဲ့ အမာခံ ပလေယာတွေ ဖြစ်ပါတယ်။


The Beatles အဖြစ် မဖွဲ့စည်းခင် ၁၉၅၇ မှာရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဂျော့ခ်ျ ဟယ်ရစ်ဆင် ၁၄ နှစ်၊ ဂျွန်လင်နွန် ၁၆ နှစ်၊ ပေါလ် မက်ခ်ကာ့တ်နေ ၁၅ နှစ်ပဲ ရှိကြပါသေးတယ်။ (ဓာတ်ပုံ- cracktwo)

၁၉၆၂ ခုနှစ် နှောင်းပိုင်းမှာ ထွက်ရှိခဲ့တဲ့ Love Me Do သီချင်းကြောင့် သူတို့ The Beatles အဖွဲ့ကို နိုင်ငံတကာ က ပရိတ်သတ်တွေ သတိထားမိခဲ့ပါတယ်။


The Beatles

သူတို့ အဖွဲ့ဟာ အောင်မြင်မှုတွေ အလီလီ ရခဲ့ပြီးတော့ ၁၉၈၀ ခုနှစ်မှာ ဂျွန်လင်နွန်ဟာ နယူးယော့ခ်မှာရှိတဲ့ သူ့အိမ်မှာ အသတ်ခံခဲ့ရပါတယ်။ လိဒ် ဂစ်တာသမား ဂျွန်လင်နွန်ကတော့ ၂၀၀၁ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ မက်ခ်ကာ့တ်နေ နဲ့ ဒရမ်မာ ရင်ဂိုစတားတို့ပဲ သက်ရှိထင်ရှား ရှိပါတော့တယ်။


ဂျွန်လင်နွန် နဲ့ ဂျော့ခ်ျဟယ်ရစ်ဆင်




ဘေ့စ်ဂစ်တာတီးခတ်သူ ပေါလ် မက်ကာ့တ်နေ


-----------------------------------

Angelina Jolie


ညှို့မင်းသမီးတယောက်အဖြစ် နာမည်ကြီးတဲ့ Angelina Jolie Voight ကို ၁၉၇၅ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ နေထိုင် တဲ့ ရုပ်ရှင်မင်းသားဟောင်းဂျွန်ဗွိုက် နဲ့ မာချီလင်းဘာထရန် တို့ထံမှာ မွေးဖွားခဲ့ပါ တယ်။

၁၉၇၆ ခုနှစ် မိဘနှစ်ပါး ကွာရှင်းချိန်မှာ ဂျိုလီနဲ့ သူမရဲ့ မောင်ကို မိခင်ဖြစ်သူ ဘာထရန် ကပဲ မြေတောင်မြှောက်ပေးခဲ့ ပါတယ်။ သူမ အသက် ၁၁ နှစ်အရွယ်မှာ ဖခင်ဖြစ်သူထံမှ ရလာတဲ့ အနုပညာဗီဇကြောင့် လော့စ်အိန်ဂျယ်လိစ် မှာရှိတဲ့ Lee Strasberg Theatre Institute ကို တက်ရောက်ခဲ့ပြီး အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့ပါတယ်။


ဂျိုလီ ငယ်စဉ်က ဖခင်ဖြစ်သူ ဂျွန်ဗောက်စ် နှင့်အတူ

အသက် ၁၄ နှစ်အရွယ်မှာ မော်ဒယ်လ် အဖြစ်နဲ့ လော့စ်အိန်ဂျယ်လိစ်၊ နယူးယော့ခ် နဲ့ လန်ဒန်တို့မှာ လှည့်လည် လုပ်ကိုင်ခဲ့ပြီးတော့ ၁၆ နှစ်အရွယ်မှာ ပြဇာတ် မင်းသမီးအဖြစ်ပြောင်းလဲ ခဲ့ပါတယ်။

မိဘနှစ်ပါးနဲ့အတူ ဂျိုလီ

အဓိက မင်းသမီး အဖြစ်နဲ့ ၁၉၉၃ ခုနှစ်မှာ Cyborg 2 ဇာတ်ကားနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Love Is All There Is ဇာတ်ကား၊ Romeo and Juliet ၊ Mojave Moon ၊ Playing God စတဲ့ ဇာတ်လမ်းတွေမှာ သရုပ် ဆောင် ခဲ့ပါတယ်။ Tomb Raider ၊ Mr & Mrs Smith ၊ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ Salt စတဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့ ပါတယ်။

လူသားချင်းစာနာမှု အလုပ်တွေကိုလည်း Tomb Raider ဇာတ်ကား ရိုက်ကူးအပြီး၊ ကမ္ဘောဒီးယားနိုင်ငံက အပြန်မှာ စတင် လုပ်ကိုင်လာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း သူမကို သံတမန်အဖြစ် ၂၀၀၁ ခုနှစ်မှာ ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျိုလီဟာ ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၂၀ ကျော်မှာရှိကြတဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ (Internally Displaced Person) အရေးကို လုပ်ကိုင် ခဲ့ပါတယ်။

ထိုင်း- မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ၊ ကမ္ဘောဒီးယား၊ အီကွေဒေါ၊ ကိုဆိုဗို၊ ကင်ညာ၊ ဆူဒန်၊ အင်ဂိုလာ နဲ့ နမ်ဘီးယား နိုင်ငံတွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို လှည့်လည်ပြီး လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ တွေကိုလည်း ပေးခဲ့ပါသေးတယ်။

လက်ရှိမှာ မက်ဒေါက်စ်၊ ပက်စ် နဲ့ ဇာဟာရာလို့ခေါ်တဲ့ မွေးစား သားသမီး ၃ ဦးနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

အဖေ

အဖေ့မွေးနေ့ရောက်ပြီ။ လျော့ရဲရဲ အရေပြား အောက်တွင် အဖေ့ရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှု၊ ကျနော်တို့ အတွက် ချစ်ခြင်းမေတ္တာ၊ စသည် စသည်တို့ ကိန်းအောင်းနေသည်။

ကျနော်တို့ မောင်နှမ တသိုက်ကို မည်သို့သော အကြောင်းနှင့်မှ မျက်နှာ မညိုစေခဲ့သည့် အဖေ ….

မိသားစုအရေးကို အစဉ်တစိုက် ရှေ့တန်းတင်ခဲ့သူ အဖေ ….

အဖေ ပင်ပန်းနေရှာပြီ။

အဖေ ဖြတ်သန်းခဲ့ရသည့် ဘဝခရီးမှာ ဖြောင့်ဖြူးလှသည်တော့ မဟုတ်၊

လူလတ်တန်းစား အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသော အဖေသည် ငယ်စဉ်က အဒေါ်ဖြစ်သူ၏ အိမ်တွင် နေထိုင်၍ ကျောင်းတက်ရသည်။ ကိုယ်ပိုင် အိမ်ယာ မဟုတ်သောကြောင့် အဒေါ် ထားသလိုနေရသည်၊ မနက်အစောထ၍ တအိမ်သားလုံးအတွက် ထမင်းအိုး၊ ရေနွေးအိုး တည်ရသည်။ လက်မောင်းများ ထုံကျင်တက်လာသည်အထိ အဒေါ့် အတွက် သနပ်ခါး သွေးပေးရသည်။ ကျောင်းဝတ်စုံကို ကိုယ်တိုင် မီးပူတိုက်ရသည်။ ရှူးဖိနပ်ကို ကိုယ်တိုင်စီးရသည်။

ကျောင်းဝတ်စုံများ မီးကျွမ်းခဲ့သဖြင့် အဒေါ်ပေးသည့် ညစာလွတ် ပြစ်ဒဏ် ခံခဲ့ရပုံ၊ ကျောင်းတက်ခါစ ရှူးဖိနပ် မစီးတတ် သဖြင့် အတန်းဖော် လူကုန်ထံဖွားတို့၏ မကြာခန အလှောင်ခံခဲ့ရပုံ၊ စသည့် ခါးသီးမှုတွေကို ဟာသစွက်ပြီး ကျနော်တို့ မောင်နှမတွေ ရယ်မောအောင် အဖေ ပြောပြတတ်သည်။

ကျောင်းလွှတ်လျှင် အဒေါ်ဖြစ်သူ၏ ဆိုင်ကို အပြေးအလွှားသိမ်းရသည်၊ အိမ်ပြန်ရောက်လျှင် ကြမ်းပြင်ကို ပြောင်လက်နေ အောင် အုန်းခွံနှင့် တိုက်ရသည်။ သက်တူ ရွယ်တူများနှင့် ကစားရန် ဝေးစွ၊ စာကျက်ချိန်ကို မနည်းလုရသည်။ သို့သော် နှစ်တိုင်းလိုလိုပင် ပထမ၊ ဒုတိယ၊ တတိယ ဆုတခုခု ရခဲ့သည်။

တက္ကသိုလ် ဆက်တက်ရန် အခြေအနေမပေးခဲ့သောအဖေ ကိုယ့်ဘဝကို ကိုယ့်တိုင်သာ မောင်းနှင်ရတော့သည်။ ဘဝခရီး ကို ဖြတ်သန်းရန် ပန်းတိမ်ပညာကို ဦးစွာ အဖေသင်ယူသည်။ ပန်းတိမ်ပညာနှင့် အသက်မွေး နေစဉ် မှာပင် မေမေ နှင့် လက်ထပ်ပြီး ဘဝခရီးကို စတင်ခဲ့သည်။

အိမ်ထောင်ဦးစီး တာဝန် အလိုလိုရရှိလာသည့် အဖေ၊ အလုပ်တခု အဆင်မပြေ အခြားအလုပ်တခု ပြောင်းပြီး မိသားစု အရေးကို ဖြေရှင်းခဲ့ရသည်။ ကားအရောင်းအဝယ်၊ ကျောက်အရောင်းအဝယ်၊ ဆီစက်လုပ်ငန်း၊ စသည့်လုပ်ငန်းတို့ကို ဆေးလိပ်မစွက်၊ အရက်မဖက်စေဘဲ အဖေ လုပ်ခဲ့ဖူးသည်။

အဖေနှင့် ခွဲနေခဲ့ရသည်မှာ အချိန်ကာလ တခုတိုင်ခဲ့ပြီ။

သားသမီးတွေကို စိတ်တိုင်းမကျသည့်အခါ ပေါ်လာတတ်သည့် အဖေ့ မျက်မှောင် ကုပ်ကုပ်တွေကို ကျနော် လွမ်းသည်။

အိမ်နောက်ဖေးတွင် အပင်များနှင့် တကုပ်ကုပ်အလုပ်ရှုပ်နေမည့် အဖေ့ကို ကျနော် တွေ့ချင်သည်။

Email, message, phone, internet တို့မှတဆင့် ဆက်သွယ်နေရသည့်ဘဝကို ကျနော် ငြီးငွေ့ပြီ။

………………………………………….

……………………………………………………………………..

………………………………………………………………………………..

ယနေ့ကျရောက်သည့်မွေးနေ့မှ စပြီး နောင် နှစ်ပေါင်းများစွာတိုင်အောင် အဖေ ကျန်းမာ ပျော်ရွှင်နေပါစေ .....


၊အဖေ့ မွေးနေ့အတွက်၊