Wednesday 20 October 2010

Online ပေါ်မှ ဓာတ်ပုံရှား တချို့ (၁)

အွန်လိုင်းပေါ်မှာ လျှောက်သွားရင်းနဲ့ တွေ့လာတဲ့ ရှားပါးပုံတွေပါ။ ကျော်ကြားတဲ့သူတွေရဲ့ပုံတွေ အတော်များများ ရှိပါတယ်။ လောလောဆယ်တော့ အချိန်မရလို့ The Beatels အဖွဲ့နဲ့ Angelina Jolie တို့ရဲ့ ပုံတချို့ပဲ တင်ပေး လိုက်ပါတယ်။ အချိန်ရရင် ရသလို ဆက်လက်ဖော်ပြသွားပါ့မယ်။


The Beatles (1960- 1970)

The Beatles ရော့ခ်ဂီတ အဖွဲ့ကို ၁၉၆၀ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရစ်သမ် တီးခတ်သူ ဂျွန်လင်နွန်၊ ပေါလ်မက်ခ်ကာ့တ်နေ (ဘေ့စ် ဂစ်တာ)၊ ဂျော့ခ်ျဟယ်ရစ်ဆင် (လိဒ် ဂစ်တာ) နဲ့ ဒရမ်တီးခတ်သူ ရင်ဂိုစတား တို့ဟာ The Beatles အဖွဲ့ရဲ့ အမာခံ ပလေယာတွေ ဖြစ်ပါတယ်။


The Beatles အဖြစ် မဖွဲ့စည်းခင် ၁၉၅၇ မှာရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဂျော့ခ်ျ ဟယ်ရစ်ဆင် ၁၄ နှစ်၊ ဂျွန်လင်နွန် ၁၆ နှစ်၊ ပေါလ် မက်ခ်ကာ့တ်နေ ၁၅ နှစ်ပဲ ရှိကြပါသေးတယ်။ (ဓာတ်ပုံ- cracktwo)

၁၉၆၂ ခုနှစ် နှောင်းပိုင်းမှာ ထွက်ရှိခဲ့တဲ့ Love Me Do သီချင်းကြောင့် သူတို့ The Beatles အဖွဲ့ကို နိုင်ငံတကာ က ပရိတ်သတ်တွေ သတိထားမိခဲ့ပါတယ်။


The Beatles

သူတို့ အဖွဲ့ဟာ အောင်မြင်မှုတွေ အလီလီ ရခဲ့ပြီးတော့ ၁၉၈၀ ခုနှစ်မှာ ဂျွန်လင်နွန်ဟာ နယူးယော့ခ်မှာရှိတဲ့ သူ့အိမ်မှာ အသတ်ခံခဲ့ရပါတယ်။ လိဒ် ဂစ်တာသမား ဂျွန်လင်နွန်ကတော့ ၂၀၀၁ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ မက်ခ်ကာ့တ်နေ နဲ့ ဒရမ်မာ ရင်ဂိုစတားတို့ပဲ သက်ရှိထင်ရှား ရှိပါတော့တယ်။


ဂျွန်လင်နွန် နဲ့ ဂျော့ခ်ျဟယ်ရစ်ဆင်




ဘေ့စ်ဂစ်တာတီးခတ်သူ ပေါလ် မက်ကာ့တ်နေ


-----------------------------------

Angelina Jolie


ညှို့မင်းသမီးတယောက်အဖြစ် နာမည်ကြီးတဲ့ Angelina Jolie Voight ကို ၁၉၇၅ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ နေထိုင် တဲ့ ရုပ်ရှင်မင်းသားဟောင်းဂျွန်ဗွိုက် နဲ့ မာချီလင်းဘာထရန် တို့ထံမှာ မွေးဖွားခဲ့ပါ တယ်။

၁၉၇၆ ခုနှစ် မိဘနှစ်ပါး ကွာရှင်းချိန်မှာ ဂျိုလီနဲ့ သူမရဲ့ မောင်ကို မိခင်ဖြစ်သူ ဘာထရန် ကပဲ မြေတောင်မြှောက်ပေးခဲ့ ပါတယ်။ သူမ အသက် ၁၁ နှစ်အရွယ်မှာ ဖခင်ဖြစ်သူထံမှ ရလာတဲ့ အနုပညာဗီဇကြောင့် လော့စ်အိန်ဂျယ်လိစ် မှာရှိတဲ့ Lee Strasberg Theatre Institute ကို တက်ရောက်ခဲ့ပြီး အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့ပါတယ်။


ဂျိုလီ ငယ်စဉ်က ဖခင်ဖြစ်သူ ဂျွန်ဗောက်စ် နှင့်အတူ

အသက် ၁၄ နှစ်အရွယ်မှာ မော်ဒယ်လ် အဖြစ်နဲ့ လော့စ်အိန်ဂျယ်လိစ်၊ နယူးယော့ခ် နဲ့ လန်ဒန်တို့မှာ လှည့်လည် လုပ်ကိုင်ခဲ့ပြီးတော့ ၁၆ နှစ်အရွယ်မှာ ပြဇာတ် မင်းသမီးအဖြစ်ပြောင်းလဲ ခဲ့ပါတယ်။

မိဘနှစ်ပါးနဲ့အတူ ဂျိုလီ

အဓိက မင်းသမီး အဖြစ်နဲ့ ၁၉၉၃ ခုနှစ်မှာ Cyborg 2 ဇာတ်ကားနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက်မှာ Love Is All There Is ဇာတ်ကား၊ Romeo and Juliet ၊ Mojave Moon ၊ Playing God စတဲ့ ဇာတ်လမ်းတွေမှာ သရုပ် ဆောင် ခဲ့ပါတယ်။ Tomb Raider ၊ Mr & Mrs Smith ၊ နောက်ဆုံး ရိုက်ကူးခဲ့တဲ့ Salt စတဲ့ ရုပ်ရှင် ဇာတ်ကားတွေမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့ ပါတယ်။

လူသားချင်းစာနာမှု အလုပ်တွေကိုလည်း Tomb Raider ဇာတ်ကား ရိုက်ကူးအပြီး၊ ကမ္ဘောဒီးယားနိုင်ငံက အပြန်မှာ စတင် လုပ်ကိုင်လာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း သူမကို သံတမန်အဖြစ် ၂၀၀၁ ခုနှစ်မှာ ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျိုလီဟာ ကမ္ဘာအနှံ့က နိုင်ငံပေါင်း ၂၀ ကျော်မှာရှိကြတဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ (Internally Displaced Person) အရေးကို လုပ်ကိုင် ခဲ့ပါတယ်။

ထိုင်း- မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေ၊ ကမ္ဘောဒီးယား၊ အီကွေဒေါ၊ ကိုဆိုဗို၊ ကင်ညာ၊ ဆူဒန်၊ အင်ဂိုလာ နဲ့ နမ်ဘီးယား နိုင်ငံတွေမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို လှည့်လည်ပြီး လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ တွေကိုလည်း ပေးခဲ့ပါသေးတယ်။

လက်ရှိမှာ မက်ဒေါက်စ်၊ ပက်စ် နဲ့ ဇာဟာရာလို့ခေါ်တဲ့ မွေးစား သားသမီး ၃ ဦးနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

No comments: